![]() |
| အမြောက်ကြီးအား ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့ရှိ ကောလ်တန် တောင်ကုန်းပေါ်တွင် တွေ့ရစဉ် (ပုံ - ၁) |
မူလက မဂိုတို့ အသုံးပြုသော အမြောက်ကြီးဖြစ်ပြီး ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ သည် ဒါကာကို ခရစ်သက္ကရာဇ် ၁၆၂၆-ခုနှစ်တွင် သိမ်းပိုက်စဉ်က ရရှိခဲ့ကြောင်းကို ရခိုင်ဘာသာဖြင့် ရေးထိုးထားပြီး အမြောက်ပေါ်မှ ရခိုင်ဘာသာ ကမ္ဗည်းစာကို EFEO ကတ်တလောက် နံပါတ်( A - 253 ) အဖြစ် မှတ်တမ်းတင်ထားပါသည်။
၁၇၈၅-ခု ရခိုင်နိုင်ငံတော် ကျဆုံးသောအခါ ဤအမြောက်ကို မြန်မာတပ်များက မြန်မာမင်းနေပြည်တော်သို့ တစ်ဖန် သိမ်းပိုက်သွားကြပြီး အ မြောက်ပေါ်တွင် ဓညဝတီ ရခိုင်ပြည်မှ သိမ်းပိုက်ရရှိကြောင်း စာရေးထိုး မှတ်တမ်းတင်ကြသည်။ ၁၈၈၅-ခု တတိယ အင်္ဂလိပ်-မြန်မာစစ်အပြီး အထက်မြန်မာပြည်ကို ဗြိသျှတို့ သိမ်းပိုက်ပြီးချိန်တွင် ဤအမြောက်ကို အိန္ဒိယပြည် မဒရပ်မြို့ကို ဗြိသျှတို့က ယူဆောင်သွားကြပြန်သည်။
![]() |
| အမြောက်ကြီးအား ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ် အီဒင်ဘာရာမြို့ရှိ ကောလ်တန် တောင်ကုန်းပေါ်တွင် တွေ့ရစဉ် (ပုံ - ၂) |
အမြောက်ပေါ်မှာ` `ဓညဝတီသိမ်းရ´´ မြန်မာဘာသာဖြင့် ကမ္ဗည်းရေးထိုးချက်ကို ပြင်သစ်နိုင်ငံ အရှေ့တိုင်းပညာရပ်များ လေ့လာရေးဌာန ( EFEO ) မှ မှတ်တမ်း ပြုစုလျက်ရှိသည်။ ရခိုင်ကျောက်စာ ကမ္ဗည်းစာ အညွှန်းစာရင်းတွင် ကတ်တလောက်နံပါတ် ( A - 254 )အဖြစ် မှတ်တမ်း တင်ထားပါသည်။ စာသုံးကြောင်း ပါရှိပြီး အောက်ပါအတိုင်း ဖတ်ရှုနိုင် သည်။
၁။ ၁၁၄၆ ခု ပြာသိုလပြည်ကျော်
၂။ ၇ ရက် ဝနေ ည ၄ ချက်တီကျော်
၃။ ၁ နာရီတွင် ဓညဝတီ သိမ
Credit : လက်ကျာရစ် ဝေဂူဆန်
Original Post : https://archive.ph/eo91W



