
စစ်ကောင်စီ၏ မြန်မာ့တပ်မတော်နှင့် ကချင်တပ်မတော် ၏တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)တို့ ကွတ်ခိုင်မြို့နယ် မန်လုံ ကျေးရွာနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ(၄) ရက်နေ့တွင်ဦးစွာတိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့ကြောင့်မြန်မာ့တပ်မတော် တပ်မ (၉၉)တပ်ဖွဲ့ဝင်တစ်ချို့နှင့် မြန်မာ့တပ်မတော် အရှေ့မြောက်စစ်ဒေသ ကွတ်ခိုင်အခြေစိုက် ခလရ(၄၅) တပ်ရင်းတို့စုပေါင်းထားသောအင်အား(၁၀၀) ခန့်ပါ စစ်ကူစစ်ကြောင်းတို့သည် ၎င်းတိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူပေးရန်ရောက်ရှိလာခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်ရာအနီး၌ မိမိတို့ ညီနောင်မဟာမိတ်လှုပ်ရှားစစ်ကြောင်းရှိနေခဲ့သည်။ ထို့ကြောင့် မိမိတို့သည် မိမိကိုယ်မိမိခုခံကာကွယ်ရန် နှင့်မဟာမိတ် ကချင်တပ်မတော်(KIA) ၏ စစ်ရေးဖိအား လျော့ကျစေရန်အလို့ငှာ ကိုးကန့်တပ်မတော်၏ တပ်မဟာ (၅၁၁)တပ်ဖွဲ့နှင့် တအာင်းတပ်မတော် တပ်မဟာ (၅)ပူးပေါင်းတပ်ဖွဲ့တို့က အဆိုပါရန်သူ့စစ်ကြောင်းအား ဟန့်တားတိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
မေလ(၄) ရက်၊ ညနေ(၇) နာရီတွင်လည်း တိုက်ပွဲနှင့်ဆက်စပ်နေသော စစ်ကောင်စီတပ်၏ ကွတ်ခိုင်၊ အခွန်ကောက်ဂိတ်အား မိမိတို့မှထပ်မံတိုက်ခိုက်ခဲ့သည်။ တစ်နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲမှာပြင်းထန်ခဲ့သည်။ မြန်မာ့တပ်မတော်သည် လားရှိုး နှင့် "မန်ပန်"မှ ကွတ်ခိုင်ဖက်သို့ ထပ်မံစစ်ကူပို့ခဲ့သည်။
မေလ(၅) ရက်၊ နံနက်(၉) နာရီခန့်မှစ၍ စစ်ကောင်စီ၏ အမြောက်တပ်သည် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မေလ(၅) ရက်၊နံနက်(၉) နာရီ(၃၀) မိနစ်တွင် ရန်သူသည် မိမိတို့အားထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့်ကွတ်ခိုင်မြို့နယ်၊ မန်ပန် ကျေးရွာအနီးတွင် ၂ နာရီကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရရရှိသူအချို့မှလွဲ၍ ကျဆုံးသူမရှိခဲ့ချေ။
ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးများရှိခဲ့သည်။ ရန်သူ့အလောင်းအချို့ နှင့် ရန်သူ့လက်နက်ခဲယမ်းအချို့ကို မိမိတို့သိမ်းဆည်းရမိခဲ့သည်။ ရန်သူ့အလောင်းများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့သည်။
လက်ရှိ ကချင်ပြည် နှင့် ကရင်ပြည်အတွင်း လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် အရေးနိမ့်နေသောကြောင့် ရှမ်းမြောက်ဒေသအား တိုက်ပွဲဖန်တီးပြီး ပြည်တွင်းပြည်ပ အာရုံများကို လွဲရန် ကြိုးစားနေသည်။ ထို့အတူ ကချင် နှင့် ကရင်ဒေသများအတွင်းသို့ စစ်အင်အား၊ လက်နက်အင်အားအလုံးအရင်းများကို မြောက်မြားစွာပို့ဆောင်ထားပြီးဖြစ်သောကြောင့် မကြာမီကာလများ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်။
http://www.kokang123.com/forum.php?mod=viewthread&tid=54107&aid=103190&from=album&page=1&mobile=2
(တရုတ်ဘာသာဖြင့် ကိုးကန့်သတင်းဌာနမှ ရေးသားထုတ်ပြန်ထားသည်ကို ဆီလျော်အောင်ဘာသာပြန်၍ ရေးသားထားပါသည်။)

