
၂၀၂၁ ခုနှစ် မေလ ၈ ရက်
တအာင်းတပ်မတော် တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူးကျေးရွာ နှင့် နောင်ချိုကျေးရွာအကြားတွင် ယနေ့ မေလ ၈ ရက်နေ့ နေ့လည် (၁၄:၄၅) နာရီမှ ညနေ (၁၈:၃၀) နာရီအထိ TNLA + AA +MNDAA ပူးတွဲစစ်ကြောင်း နှင့် မြန်မာ့စစ်တပ်တို့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။
မြန်မာ့စစ်တပ် တပ်မ ၃၃၊ ခမရ ၁၂ သည် ဟွေခုတ်ကျေးရွာဘက်မှ TNLA + AA + MNDAA ပူးတွဲစစ်ကြောင်းတို့ တည်ရှိရာ နမ့်ဟူးကျေးရွာ နှင့် နောင်ချိုကျေးရွာအကြား လာရောက်ထိုးစစ်ဆင် တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၇ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့နယ် နမ့်ခိုမ်ကျေးရွာ နှင့် မန်ယဉ်ကျေးရွာအကြားတွင် မြန်မာ့စစ်တပ် စကခ ၁၀၊ ခမရ ၃၆၉ က တအာင်းတပ်မတော် TNLA နှင့် ညီနောင်မဟာမိတ် MNDAA ၊ AA တို့အား လာရောက် တိုက်ခိုက်ခဲ့သည်။
မြန်မာ့စစ်တပ်သည် မေလ (၁) လတာ အပစ်ခတ်ရပ်စဲရေး ထုတ်ပြန်ပြီးနောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တပ်အင်အား ပိုမိုဖြည့်တင်းပြီး တအာင်းတပ်မတော် TNLA နှင့် ညီနောင်မဟာမိတ်တို့အား ထိုးစစ်ပိုမိုပြုလုပ်လာသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Original Link - https://www.pslftnla.org/ယနေ့-ကွတ်ခိုင်မြို့နယ်တ/

