
Kyaw Hsan Hlaing ၏ ပိုစ့်မှ ကူးယူဖော်ပြထားပါသည်။
ဇွန်လ ၄ ရက်နိ ညဇာဖက် ၈ ခွဲ ဝန်းကျင်လောက်၊ မြောက်ဦးမြို့နယ် ပီးပင်ရင်းစစ်ဘေးရှောင်စခန်းမှာ အသက် ၉ နှစ်အရွယ်အချေတစ်ယောက် rape လုပ်ခံရရေလို့ သိရရေ။
ဖြစ်စဉ်က အနိုင်ကျင့်ခံရရေ အသက် ၉ နှစ်အရွယ်အချေစာ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာဇာတိဖြစ်ပြီး၊ လက်ရှိကုလားချောင်းကျေးရွာစစ်ဘေးရှောင်စခန်းမှာ နီပြီးကေ ပီပင်ရင်းစစ်ဘေးရှောင်စခန်းကို အလည်ရောက်နီရေသူ ဖြစ်တေလို့ သိရရေ။
အနိုင်ကျင့်ရေလူက အသက်-၃၅ ဝန်းကျင် ဝေသာလီကျေးရွာဇာတိ ပီပင်ရင်းစစ်ရှောင်ဘေးစခန်းမှာ နီရေ လူလို့သိရရေ။
လက်ရှိအချိန်မှာ အနိုင်ကျင့်ခံရရေ အချေက တိန်ညိုဆေးရုံမှာ ရှိနီပြီးကေ၊ ယကေလေ့ တိမ်ညိုဆေးရုံမှာ လောလောဆယ် ဆရာဝန်က ပွဲတစ်ခုလားနီရေဖြစ်တေအတွက်၊ အချေစာ ဆီးအိမ်မသက်သာရေခါ စစ်တွေဆေးရုံသို့ ဒေနိယူဆောင်လားဖို့ သိရရေ။
အသက် ၃၅-နှစ်အရွယ် အနိုင်ကျင့်ရေလူကိုတော့ ရက္ခိုင်တပ်တော်မှ ညက (၅ရက်နိ) ညဇာဖက်မှာ ဖမ်းဆီးခေါ်ဆောင်လားခရေလို့ သိရရေ။

