အမျိုးသမီး ၁ ဦးကို ညအချိန်ကြိုးတုတ်ကာ ဓါးပြ တိုက်မှု ကျောက်တော်မြို့နယ်တွင်ဖြစ်ပွါး

Views

Cover

မောရမြီ ကျော်လှမြင့်၏ ပိုစ့်မှ ကူးယူဖော်ပြထားပါသည်။

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သင်္ဂနက်ကျေးရွာအုပ်စု သင်္ဂနက်ကျေးရွာ၌ ညအချိန်အမျိုးသမီး ၁ ဦးကို ကြိုးတုတ်ချည်နှောင်ပြီး ဓါးပြတိုက်ခဲ့သည် ဟု ကျေးရွားသားများမှ ပြောကြားခဲ့ပါသည်။


ယင်းကဲ့သို့ ကြိုးတုတ် ဓါးပြတိုက်ခံခဲ့ရသူမှာ ကျေးရွာတွင် သာရေးနာရေးကဏ္ဍများကို ဦးဆောင်ပြုလုပ်နေသူဦးမောင်သန်း၏ဇနီးဒေါ် (   -   ) ၃၅နှစ် ခန့်ဖြစ်ကာ ၉/၅/၂၀၂၁ နေ့ ညနေ ၉:၀၀ နာရီခန့်တွင် သူ့အမျိုးသား‌ နေအိမ်၌ မရှိခိုက် လူနှစ်ဦး နေအိမ်သို့ဝင်လာကာ အော်ငှေါက် ခြိမ်းခြောက် ချွန်ထက်သည့် အရာနှင့်ထောက်ပြီး ကြိုးတုတ်ချဉ်နှောင်ကာ ရွှေ ငွေများကို သေတ္တာဖွင့်ယူဆောင်သွားခြင်းဖြစ်ကြောင်း အနီးပတ်ဝန်းကျင်တွင် ရှင်ပြုအလှူပွဲမှ အသံချဲ့စက် Soundbox ဖွင့်သံများနှင့် ဆူညံနေသဖြင့် ‌ခေါ်အော်အကူအညီတောင်း၍ အဆင်မပြေခဲ့ကြောင်း သိရှိရပါသည်။


ယခုကဲ့သို့ လင်ယောက်ျားအမျိုးသား နေအိမ်၌မရှိခိုက် ကြိုးတုတ်ချည်နှောင်ပြီးဓါးပြတိုက်ခံခဲ့ရခြင်းနှင့် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များအားတရားခံကို အမြန်ဆုံးဖေါ်ထုတ် အရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြားထားသည်ဟုလည်း သိရှိရပါသည်။