၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ 2021 ခုနှစ် (၆) လပတ်အစည်းအဝေးတွင် လက်ရှိ PSLF/TNLA အသုံးပြုနေသည့် ဦးထုပ်ပုံစံ နှင့် အမှတ်အသားတံဆိပ်များကို ပြောင်းလဲအသုံးပြုသွားရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခင်အသုံးပြုသော
(၁) လျှာနှစ်ထပ် ဦးထုပ်အစား၊ လျှာတစ်ထပ်ဦးထုပ်အဖြစ်လည်းကောင်း၊
(၂) ဦးထုပ်တံဆိပ် လက်ဖက်ညွန့်နှစ်ခက် နှင့် ဓားနှစ်လက်အစား၊ လက်ဖက်ညွန့်နှစ်ခက် နှင့် တောင်သုံးလုံး အဖြစ်လည်းကောင်း၊
(၃) ညာဖက် badge တံဆိပ် ဓားနှစ်လက်ကြက်ခြေခတ်အစား၊ ကြယ်တစ်ပွင့်အပါ လှံတစ်ချောင်း နှင့် ဓားတစ်လက်ကြက်ခြေခတ် အဖြစ်လည်းကောင်း၊
(၄) ဘယ်ဖက် Badge တံဆိပ် လက်ဖက်ညွန့်နှစ်ခက်နှင့် တောင်သုံးလုံးအစား၊ နဂါးတစ်ကောင်အပါ တောင်သုံးလုံးအဖြစ်လည်းကောင်း ၂၀၂၂ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲဝတ်ဆင် အသုံးပြုသွား မည်ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Source - https://www.pslftnla.org




