အချုပ်အချာအာဏာ - Sovereignty

Views
image - Drnyo
Photo - Drnyo

Dr Nyo ၏ Telegram Channel မှ ကူးယူဖော်ပြသည်။

ရက္ခိုင်လူမျိုးများသည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ရက္ခိုင်ပြည်သူလူထုမှ အပ်နှင်းထားသည့် အချုပ်အချာအာဏာနန့် သမိုင်းတွင် ဂုဏ်သိက္ခာဟိစွာ ရပ်တည်နီထိုင်ခသော လူမျိုးတစ်မျိုး ဖြစ်သည်။ သို့သော် ၁၇၈၄ နောက်ပိုင်းမှစ၍ ရက္ခိုင့်အချုပ်အချာအာဏာသည် ကျူးကျော်သူနယ်ချဲ့ရို့၏ မတရားကျူးကျော်သိမ်းပိုက်မှုကို ခံခရပြီးနောက် စုတ်ပြတ်သတ် ရက္ခိုင်ဘဝသို့ ကျရောက်ခရသည်။ ထို့ကြောင့် ရက္ခိတလမ်းစဉ်၏ အနှစ်သာရဖြစ်သော ရက္ခိုင့်အချုပ်အချာအာဏာကို ရက္ခိုင်ပြည်သူလူထု လက်ထဲသို့ ပြန်လည်ရောက်ဟိရီးမှာ ULA / AA ၏ အဓိကရည်မှန်းချက်နှင့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ 

အချုပ်အချာအာဏာကို ပိုင်ဆိုင်ခသည့် လူမျိုးတစ်မျိုး အနီနန့် အချုပ်အချာအာဏာကို ပြန်လည်ရယူရန်မှာ ယင်းအချုပ်အချာအာဏာ ကျယှုံးခရသည့် လူမျိုးတစ်မျိုးလုံးနှင့် သက်ဆိုင်သည် ဆိုသည် အား မမိကတ်ရန် အထူးလိုအပ်ပါသည်။ ထို့အပြင် အချုပ်အချာအာဏာသည် တောင်းယူ၍ရသော အ ရာမဟုတ် ၊ ပြန်တိုက်ယူမှ ရနိုင်သောအရာ ဖြစ်သည်။ ထို့ကြောင့် မူလအစ ပထမအချုပ်အချာအာဏာအား အတူတကွ တည်ဆောက်ခရာတွင် ပါဝင်ခကတ်သည့် ရက္ခိုင်မျိုးနွယ်စုများ အားလုံးသည် ရက္ခိုင့်အချုပ်အချာအာဏာကို ရက္ခိုင်ပြည်သူလူထုလက်ထဲ ပြန်လည်ရဟိရန် အတူတူ ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကတ်ရန် လိုပါသည် ။

ကျုးကျော်သူနယ်ချဲ့ရဲ့ မတရားရယူထားသည့် အချုပ်အချာအာဏာအား ပြန်လည်ရဟိရန် ရက္ခိုင်လူမျိုး ( ရက္ခိုင်မျိုးနွယ်စု ) တစ်ယောက်ချင်း တွင် အဓိက တာဝန်ဟိပါသည်။